Powered by Blogger.
RSS

ကွန်ပျူတာ လိမ်ရောင်းနည်း

 ခေါင်းစဉ်မြင်လိုက်တော့ စိတ်ဝင်စားသွားမယ်ထင်ပါတယ်..ဒါပေမယ့် ဗဟုသုတအနေနဲ့ တင်ပြပေးလိုက်တာပါ..ဘယ်လိုလဲဆိုတော့..အခုတိုးတက်လာတဲ့ခေတ်ကြီးမှာ လူတိုင်းနီးပါးက ကွန်ပျူတာ တွေ LapTop တွေ အစုံအလင်ကိုင်လာနိုင်ကြတယ်နားလည်တဲ့ သူရှိသလို..နားမလည်တဲ့သူတွေလဲရှိပါတယ်..ဒါကိုအခွင့်ကောင်းယူပြီး ရောင်းချသူအချို့က ကွန်ပျူတာ CPU ကိုလိမ်ပြီးရောင်းပါတယ်..ဘယ်လိုလိမ်လဲဆိုတော့ နဂိုက CPU P4 ကို.. Dual Core i5 ဆိုပြီး လိမ်ညာ ရောင်းချလိုက်တာမျိုးပါဘဲ..ကဲ..ဒီမှာတင်ဇာတ်လမ်းစပါပြီ..တစ်ချို့ဝယ်မယ့်သူတွေကလဲ i3, i5 စသဖြင့် အသံလေးကြားရုံနဲ့တင် ၀ယ်ဖို့ဆန္ဒပြင်းထန်နေကြပါပြီ..ဒီလိုသာ လိမ်ရောင်းတာခံလိုက်ရမယ် ဆိုရင် ကိုယ့်အတွက် တော်တော်ကြီးကိုနစ်နာသွားမှာပါ..ကဲ..ဒီတော့ ဘယ်လိုလိမ်သလဲဆိုတာကို ဆက်ပြောပါ့မယ်..အခုနည်းတင်ပေးတာက..အားလုံးဘဲ သတိပြုမိကြစေဖို့ပါ..ကွန်ပျူတာဝယ်ရင် ကွန်ပျူတာကိုသေချာကြည့်ပါ..ဥပမာ.မိမိက ကွန်ပျူတာ ၀ယ်မယ်ဆိုရင် ပိုက်ဆံရှိပြီဆိုတာနဲ့ ချက်ချင်း ဆိုင်ကိုပြေးမ၀ယ်ပါသေးနဲ့ဦး..အရင်ဆုံး ကိုယ်ဝယ်လိုတဲ့ ဆိုင်ကို အရင်သွားပါ..မိမိစိတ်ကြိုက်ကွန်ပျူတာကိုတွေ့ရင် Model နံပတ်နဲ့အရောင်အမျိုးအစားကို မှတ်သားပြီး..အင်တာနက်ပေါ်သို့တက်ပါ..ပြီးတာနဲ့ မိမိမှတ်သားလာတဲ့ မော်ဒယ်နံပတ်ကို အင်တာနက်မယ် ရိုက်ပြီးရှာကြည့်ပါ။ အရောင်တူနေတယ်..ပုံစံတူနေတယ် ဆိုရင်တော့ ပြသနာမရှိပါဘူး..မတူဘူးဆိုရင်တော့ သတိထားဖို့အကြံပေးပါရစေ..

ကွန်ပျူတာကို အခုအထိ မပေါ်သေးတဲ့ pentium 9 လုပ်ကြည့်မလား .... ဒါက သူငယ်ချင်းတွေကို အကြောင်ရိုက်ပြီးနောက်လို့ရပါတယ် .. ကိုယ့်ကွန်ပျူတာရဲ့ cpu ဟာ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ်ပေါ့ .. ဥပမာ .. pentium III ဆိုကြပါစို့ .. ကိုက သူငယ်ချင်းတစ်ယောက်ကိုရောင်းချင်တယ်ပေါ့ ... မျက်နှာပန်းလဲလှချင်တယ်ပေါ့ ...ချက်ချင်းကို အခုအချိန်အထိ မပေါ်သေးတဲ့ pentium 9 အထိကိုပါ ပြောင်းပစ်လိုက်လို့ရတယ် ... စမ်းကြည့်မလား .. ကျွန်တော် ဒီပို့စ်လေးကို ရေးတာ နားမလည်တဲ့ သူငယ်ချင်းများကို မိမိကွန်ပျူတာ လိမ်ရောင်းဖို့မဟုတ်ပါဘူး ... သူများလိမ်လာမှာကို ကိုက နားလည်အောင်လို့ပါ ...
start>> run>> ကိုသွားပြီး regedit လို့ ရိုက်ထည့်လိုက်ပါ ပြီးရင် enter ..
Hkey_local_machine>> Hardware>> Description>> system>> Central Processor ကို သွားလိုက်ပါ ..
ပြီးလျှင် မိမိကွန်ပျူတာရဲ့ Processor Name string ကို နှိပ်ပြီး မိမိကြိုက်တဲ့ အမျိုးအစားကို ပြန်ပြင်ရိုက်လို့ရပါပြီး ..

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Using computer without keyboard and mouse...ကွန်ပျူတာကို Mouth နဲ့သုံးမယ်...

 စကားပြောပြီး ကွန်ပြူတာ ကို ခိုင်းကြည့် ရအောင် ဆော့ဝဲလ်မလိုပါဘူး ၀င်ဒိုးမှာပါပြီးသားကို အသုံးချခြင်း ဖြစ်ပါသည်..

-သီချင်းဖွင့်ခိုင်းလို့ရတယ်
-စာတွေရေးခိုင်းလို့ ရတယ်
-ဂိမ်းကစားခိုင်းလို့ရတယ်
-အဖွင့် အပိတ် လုပ်ခိုင်းလို့ ၇တယ်
-အင်တာနက်သုံးလို့ရတယ်
-ချက်တင် ပြောလို့ရတယ်
ကျန်တာတွေ အများကြီး ကို လည်သလို ခိုင်းလို့ ရပါတယ်။
သူ့ကို ခိုင်းမယ်ဆိုရင် အင်္ဂလိပ်လိုပဲ ခိုင်းလို့ရတယ်။။ကိုယ်ပြောတဲ့စကားကို
အင်္ဂလိပ်လိုပီအောင်ပြောရတယ်ဗျ။
မခက်ပါဘူး ကျနော်ဆို အစတုန်းကတော့ ပြောလို့မရဘူးဗျ ကြာလာတော့လဲ သူ့ဘာသာ သူ အဆင်ပြေလာပါတယ်

ကျနော် အကြိုက်ဆုံး အချက် က ဒါလေးကို စကားနဲ့ ခိုင်းနေရလို့ ကိုယ့်ရဲ့ အင်္ဂလိပ်စကားပြောလဲတိုးတက်လာနိုင်ပါတယ်

လိုအပ်ချက်များ
-windows 7 x32 (or) x64 တင်ထားသော ကွန်ပြူတာ(XP မှာလဲ ပါတယ်လို့ ကြားတယ် ကျနော့မှာ XP မရှိတော့ မစမ်းကြည့်ရသေးပါ)
-မိုက် ပါသော နားကြပ်
-ရေ တစ်ခွက်(ပြောနေရင်းနဲ့ အာခြောက်လာရင် သောက်လို့ရအောင်လေ)
-အင်္ဂလိပ်စကားနဲ့ အင်္ဂလိပ်စာကို မတောက်တခေါက်တက်သော လူတစ်ယောက်

ကွန်ပြူတာကို ဖွင့်ပါ ။နားကြပ်နဲ့ မိုက်ကို တပ်လိုက်ပါ
(အောက်ပါရှင်းပြချက်များသည် windows 7 Ultimate sp1 x 64bit ကို အခြေခံပြီး ရေးသားထားပါသည်)

--အရင်ဆုံး ကွန်ပြူတာကီးဘုတ်ပေါ်က ၀င်းဒိုးပုံပါတဲ့ခလုတ်ကို ကလစ်လိုက် Start menu ပေါ်လာရင် contorl panel ထဲဝင်လိုက်ပါ။




ပြီးရင် Ease of Access ထဲကို ၀င်ပါ။(စက်တစ်လုံးနဲ့ တစ်လုံးမတူနိုင်ပါဘူး တွေ့အောင် ရှာကြပါ)



Speech Recognition ထဲထပ်ဝင်ပါ။(တစ်ချို့စက်တွေမှာ Ease of Access မရှိပဲ Speech Recognition ကို
တိုက်ရိုက်ရှာပေးရမှာဖြစ်ပါတယ်)



အဲဒါကို ၀င်လိုက်ရင် ဒီလိုမျိုးလေးတွေ့မှာပါ အခုမှစသုံးမယ်ဆိုတော့ လေ့ကျင့်ခန်းအရင်လုပ်ကြည့်ပါ(လေ့ကျင့်ခန်းကို အကုန်
လေ့ကျင့်ကြပါ ဒါမှ တကယ် အသုံးပြုတဲ့ အခါ ကျရင် အဆင်ပြေမှာပါ)
Take Speech Tutotial ကို ကလစ်လိုက်ပါ။



အောက်ကပုံအတိုင်းပေါ်လာမှာပါ



ညာဘက်ဒေါင့်မှာ ကိုယ်ပြောရမယ့်ဟာတွေကို ရေးထားပေးပါတယ် တက်နိုင်သလောက် ပီအောင်ပြောကြည့်ပါ
ကိုယ်ပြောတာ မှားနေရင် ဘယ်ဘက်က player မှာ What is this? လို့ ပြောနေမှာပါ မှန်အောင်ပြောပေးလိုက်ပါ။
(လေ့ကျင့် ခန်း ဖြစ်တဲ့ အတွက် သူပြောခိုင်းသလောက်ပဲပြောပါ။သူပြောခိုင်းတဲ့ အတိုင်း ပြောပါ။ တကယ်သုံးရင်တော့
ကိုယ်ခိုင်းချင်သလို အဆင်ပြေအောင်ပြောလို့ ရပါတယ်)
တစ်ခုသတိပေးချင်တာကတော့ လေ့ကျင့်ခန်းမှာ မောက်စ် နဲ့ ကီးဘုတ်ကို သုံးစရာမလိုပါ စကားပြောသက်သက်နဲ့ပဲ အလုပ်လုပ်မှာပါ
Next အစ Ok က အစ အားလုံး စကာပြောနဲ့ပဲ ခိုင်းပါ
လေ့ကျင့်ခန်းအားလုံး လေ့ကျင့်ပြီးသွားရင်တော့ ကွန်ပြူတာကို ဘယ်လိုခိုင်း၇မလဲ သဘောပေါက်လာပါလိမ့်မယ်
လေ့ကျင့်ခန်းကို ကျော်ပြီး မလေ့ကျင့်ပါနဲ့ လိုတော့ ပြောချင်ပါတယ်
အားလုံးပြီးပြီးဆိုရင် အပေါ်ဆုံးက Start Speech Recognition ကို ကလစ်ပြီး Player ပေါ်လာရင် လည်သလို
ခိုင်းပေတော့...အဆင်ပြေကြပါစေဗျာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS