ကျနော် သိထားတဲ့ CMD DOS
COMMAND နည်းနည်းပါ
့သိပြီးသားသူတွေလည်းရှိပါတယ် ...
မသိသေးတဲ့ သူတွေအတွက်ပဲ ရည်ရွယ်ပါတယ်
....
Run Box မှာ cmd ရိုက်ထည့်လိုက်မယ်
C Directory ကိုသွားမယ်ဆို C: ,
D ဆိုရင် D: စသည့်ဖြင့်ပေါ့ ....
ပထမဆုံးပြောရရင် .. cmd ကိုစခေါ်လိုက်တာနဲ့
စမြင်ရမှာက
C:\Documents and
Settings\user name> ပါ ...
အဲဒီ Directory မှာ ဘယ် Folder
တွေပါလည်း ကြည့်ချင်ရင်
dir /a နဲ့ ကြည့်ရပါတယ်
အဲဒီ့ Directory တစ်ခုထဲက Folder ကို
ဖွင့်ချင်ရင်
cd ခံထားပြီး မိမိဖွင့်ချင်တဲ့
Folder Name (ဥပမာ။ ။ Desktop)ပေးပြီး ဖွင့်ရပါတယ်
C:\Documents and Settings\user
name\Desktop>
ထို Folder မှ ပြန်ထွက်ချင်ရင် cd..
ရေးပြီး ပြန်ထွက်ရပါမယ်
Hidden ဖြစ်နေတဲ့ Folder (သို့)
File ကို unhidden ပေးချင်တယ်ဆိုရင်
Folder Option ကနေ virus ကိုက်တယ်ဆို
show hidden folder ပေးလည်း မရတာတွေရှိပါတယ်
attrib -H /S /D
"c:\......\folder name"
hidden ဖြစ်နေတဲ့ Folder (သို့)
File ရှိတဲ့ Directory အပြည့်အစုံကို /D နောက်ကနေ
ဆက်ရေးပေးရပါတယ်
Directory တစ်ခုမှာရှိတဲ့ folder ထဲက
files တွေကို တခြား Directory တစ်ခုမှာရှိတဲ့
folder ထဲကို ပြောင်းရွှေ့ကူးယူချင်တယ်ဆို
...
မိမိပြောင်းပေးချင်တဲ့ Directory ကိုအရင်ဖွင့်ပေးရပါတယ်
(ဥပမာ။ ။ C: ထဲက Desktop ကိုရွှေ့မယ်ဆို
C:\Documents and Settings\user
name\Desktop>
လို့ အရင်ဖွင့်ပေးလိုက်ပါ။
နောက်မဆက်ပြီး ကူးယူချင်တဲ့
Directory မှ folder ကိုရေးပေးရပါတယ်
xcopy /a
"e:\foler name" ဟုရေးပေးရပါမယ် ...
၂ခုပေါင်းကိုကြည့်မယ်ဆိုရင်တော့
C:\Documents and
Settings\user name\Desktop>xcopy /a "e:\foler name"
အခု ကူးယူတာက unhidden files တွေကိုပဲ
ကူးယူးတာပါ။
hidden files တွေကိုကူးမယ်ဆိုရင်တော့
/h ထည့်ပေးရုံပါပဲ
xcopy /h /a "e:\foler
name" ဟုရေးပေးလိုက်ပါ...
အခုက files ကိုပဲကူးတာပါ ...
Folder အလိုက်ကူးမယ်ဆိုရင်တော့ /s
ကိုအသုံးပြုရပါတယ်
xcopy /s "e:\folder
name" လို့ရေးပေးရပါတယ်။
ဒါကလည်း hidden မဖြစ်တဲ့ folder ကိုကူးတာပါ
hidden folder ကိုကူးမယ်ဆိုရင်တော့
/h ကိုပဲထည့်ရပါတယ်
xcopy /h /s
"e:\foler name" လို့ရေးပေးရပါတယ် ...
အဲဒီလိုကူးယူတဲ့ အချိန်မှာ CMD box
မှာ ကူးယူးတဲ့ files တွေ run တာကိုပြပါတယ် အဲဒီလို မပေါ်ချင်ရင်တော့ /Q
ထည့်ပေးရပါတယ်
xcopy /h /q /s "e:\foler name"
လို့ရေးပေးရပါတယ်
.................
0 ဦးမှတ်ချက်ပေးထားသည်။:
Post a Comment