Powered by Blogger.
RSS

Cmd Dos Command အကြောင်းနဲနဲပါးပါး

http://web-bristol.com/img/Xp-Cmd.png




ကျနော် သိထားတဲ့ CMD DOS COMMAND နည်းနည်းပါ
့သိပြီးသားသူတွေလည်းရှိပါတယ် ...
မသိသေးတဲ့ သူတွေအတွက်ပဲ ရည်ရွယ်ပါတယ် ....

Run Box မှာ cmd ရိုက်ထည့်လိုက်မယ်

C Directory ကိုသွားမယ်ဆို C: , D ဆိုရင် D: စသည့်ဖြင့်ပေါ့ ....
ပထမဆုံးပြောရရင် .. cmd ကိုစခေါ်လိုက်တာနဲ့ စမြင်ရမှာက
C:\Documents and Settings\user name> ပါ ...
အဲဒီ Directory မှာ ဘယ် Folder တွေပါလည်း ကြည့်ချင်ရင်
dir /a နဲ့ ကြည့်ရပါတယ်
အဲဒီ့ Directory တစ်ခုထဲက Folder ကို ဖွင့်ချင်ရင်
cd ခံထားပြီး မိမိဖွင့်ချင်တဲ့ Folder Name (ဥပမာ။ ။ Desktop)ပေးပြီး ဖွင့်ရပါတယ်

C:\Documents and Settings\user name\Desktop>
ထို Folder မှ ပြန်ထွက်ချင်ရင် cd.. ရေးပြီး ပြန်ထွက်ရပါမယ်

Hidden ဖြစ်နေတဲ့ Folder (သို့) File ကို unhidden ပေးချင်တယ်ဆိုရင်
Folder Option ကနေ virus ကိုက်တယ်ဆို show hidden folder ပေးလည်း မရတာတွေရှိပါတယ်
attrib -H /S /D "c:\......\folder name"
hidden ဖြစ်နေတဲ့ Folder (သို့) File ရှိတဲ့ Directory အပြည့်အစုံကို /D နောက်ကနေ
ဆက်ရေးပေးရပါတယ်

Directory တစ်ခုမှာရှိတဲ့ folder ထဲက files တွေကို တခြား Directory တစ်ခုမှာရှိတဲ့
folder ထဲကို ပြောင်းရွှေ့ကူးယူချင်တယ်ဆို ...
မိမိပြောင်းပေးချင်တဲ့ Directory ကိုအရင်ဖွင့်ပေးရပါတယ် (ဥပမာ။ ။ C: ထဲက Desktop ကိုရွှေ့မယ်ဆို
 C:\Documents and Settings\user name\Desktop>
လို့ အရင်ဖွင့်ပေးလိုက်ပါ။
နောက်မဆက်ပြီး ကူးယူချင်တဲ့ Directory မှ folder ကိုရေးပေးရပါတယ်
xcopy /a "e:\foler name" ဟုရေးပေးရပါမယ် ...
၂ခုပေါင်းကိုကြည့်မယ်ဆိုရင်တော့
C:\Documents and Settings\user name\Desktop>xcopy /a "e:\foler name"
အခု ကူးယူတာက unhidden files တွေကိုပဲ ကူးယူးတာပါ။

hidden files တွေကိုကူးမယ်ဆိုရင်တော့ /h ထည့်ပေးရုံပါပဲ
xcopy /h /a "e:\foler name" ဟုရေးပေးလိုက်ပါ...
အခုက files ကိုပဲကူးတာပါ ...

Folder အလိုက်ကူးမယ်ဆိုရင်တော့ /s ကိုအသုံးပြုရပါတယ်
xcopy /s "e:\folder name" လို့ရေးပေးရပါတယ်။

ဒါကလည်း hidden မဖြစ်တဲ့ folder ကိုကူးတာပါ
hidden folder ကိုကူးမယ်ဆိုရင်တော့ /h ကိုပဲထည့်ရပါတယ်
xcopy /h /s "e:\foler name" လို့ရေးပေးရပါတယ် ...

အဲဒီလိုကူးယူတဲ့ အချိန်မှာ CMD box မှာ ကူးယူးတဲ့ files တွေ run တာကိုပြပါတယ် အဲဒီလို မပေါ်ချင်ရင်တော့ /Q
ထည့်ပေးရပါတယ်
xcopy /h /q /s "e:\foler name" လို့ရေးပေးရပါတယ် .................

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သဲထိတ်ရင်ဖို ကားမောင်းချင်တဲ့ သူငယ်ချင်းတွေအတွက်


Monster Trucks Nitro Portable 64.8 MB
သဲထိတ်ရင်ဖို ကားမောင်ချင်တဲ့ သူငယ်ချင်းတွေအတွက်ပါ
စိတ်ဝင်စားမယ်လို့ထင်ပါတယ် သူက Portable ဂိမ်းပါ
    
 
   

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Galk မှာ ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ

 




 Gtalk မှာ ကိုယ် မ chat ချင်တဲ့/မကျေနပ်တဲ့ သူကို block လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။

ကိုယ် block လုပ်ချင်တဲ့သူရဲ့ နာမည် ပေါ်မှာ right-click လုပ်ပြီး block ကို ရွေးလိုက်ရုံပါပဲ။

ကိုယ့်ဘက်မှာ အဲဒီနာမည် ပျောက်သွားပြီး၊ သူ့ဘက်မှာတော့ ကိုယ်က offline ဖြစ်နေမှာပါ
(သူများကိုသာ block လုပ်ချင်တာ...ကိုယ့်ကို block လုပ်တာကိုတော့ သိပ်ကျေနပ်တာမဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား..။ )

အဲဒီတော့ ကိုယ့်ကို block လုပ်ထား/မထားကို စစ်ကြည့်လို့ရပါတယ်။


ပထမဆုံး ကိုယ်သိချင်တဲ့သူကို ရွေးပါ..ပြီး.. 'Send voicemail' button ကိုနှိပ်ပြီး call လုပ်လိုက်ပါ။


(သူ့ကို offline အနေနဲ့ပဲမြင်ရမှာမို့ အဲဒီအချိန်မှာ 'Send voicemail' button ပဲပေါ်နေမှာပါ။)
မိန်းကလေးသံနဲ့ 'The person you are trying to reach is unavailable. Please leave a message...' ဆိုတဲ့ အသံမျိုး ကြားရရင်တော့ ကိုယ့်ကို block လုပ်မထားပါဘူး။
တကယ့်ကို offline ဖြစ်နေတာပါ။


အဲလိုမဟုတ်ပဲ ခေါ်လိုက်တာနဲ့ကျ ကျသွားတယ်၊ ဘာသံမှလည်းမကြားရဘူးဆိုရင်တော့...
စိတ်မကောင်းပါဘူး...သင့်ကို block လုပ်ထားတာပါ...


ကဲ...ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲသိချင်ရင် စမ်းကြည့်လိုက်ပါလား...။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS