Powered by Blogger.
RSS

Windows7 မှာ သတိပေးတဲ့ အသံ ထွက်အောင် လုပ်မယ်



Computer မှာCaps lock ,Numlock , Scroll Lock ကီးများကိုနှိပ်မိရင် ... သတိပေးတဲ့ အသံလေး ထွက်အောင်

Start > control panel > ease of access center>make the keyboard easier to use>Turn on Toggle key ဆိုတဲ့check box လေးကို click လုပ်ပါ..
Start > control panel > ease of access center>use text or visual alternatives for sounds>turn on visual notifications for soundsဆိုတဲ့
  check box လေးကို click လုပ်ပါ.. ..အောက်မှာရှိတဲ့   
Choose the visual warning box မှ  Flash active window ကိုရွေးပါ
ပြီးရင်...apply .. ok လုပ်ပါ ....စမ်းကြည့်လို့ရပါပြီ...Scroll lock .. Numlock .. caps Lock key
လေးတွေနှိပ်မိတာနဲ့ ..အော်တော့ မှာပါ..
အော် တာ ကို မကြိုက်တော့ရင်တော့ ခုနက အမှန်ခြစ်လေးတွေကို ပြန်ဖြုတ်လိုက်ရုံပါပဲ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဓါတ်ပုံတွေထဲမှာ Data တွေကို ဖွက်ထားရအောင်

 မိမိ ဖွက်ထားလိုတဲ့ Data တွေကို Command Prompt (CMD)

ကိုအသုံးပြုပြီးတော့ ဓါတ်ပုံထဲမှာ ဖွက်ထားမယ့် နည်းလမ်းပဲ ဖြစ်ပါတယ်....မိမိဖွက်လိုတဲ့ Data
တွေကို ဖွက်ထားဖို့ အတွက် ကွန်ပျူတာမှာ Winrar Software ရှိမှရပါမယ်.
Winrarမတင်ထားရသေးဘူးဆိုရင်တော့Download လုပ်လိုက်ပါ။
 Winrar ကို စက်ထဲပထမဆုံး Install လုပ်လိုက်ပါ....Install
လုပ်ပြီးပြီဆိုရင်တော့
၁။ ပထမဆုံး Desktop ပေါ်မှာ New Folder တည်ဆောက်ပြီး မိမိပေးချင်တဲ့ နာမည်ကို
ပေးပါ့မယ်...ကျွန်တော်ကတော့ Naung ဆိုတဲ့ နာမည်ကို ပေးပြီး ထားပါတယ်။
၂။ ဒုတိယအဆင့်အနေနဲ့ မိမိဖွက်ထားလိုတဲ့ Data တွေကို Winrar နဲ့ချုံ့ထားရပါမယ်...Winrar နဲ့ချုံ့ပြီးသွားပြီဆိုရင်တော့ ခုနက မိမိတည်ဆောက်ထားတဲ့ Folder ထဲကိုWinrar နဲ့
ချုံ့ထားတဲ့dataနဲ့မိမိသိမ်းထားလိုတဲ့ ဓါတ်ပုံကို ထည့်ပါ့မယ်..
၃။ ထည့်ပြီးသွားပြီ ဆိုရင်တော့ Command Prompt ကိုဖွင့်ဖို့အတွက် Run Box ထဲမှာ cmd ဆိုပြီး
ရိုက်ထည့်၍ သော်လည်းကောင်း ၊ start/cmd ဆိုပြီး ရိုက်ထည့်၍ သော်လည်း CMD Box
ကိုဖွင့်ပါ့မယ်...Cmd ပွင့်လာပြီ ဆိုတာနဲ့ အောက်ပါအတိုင်းရိုက်ထဲ့ပြီးEnterနှိပ်ပါ။
(မှတ်ချက်(s)နေရာမှာ spaceခြားရမှဖြစ်ပါတယ်။)
cd(s)Desktop\Naung

Naungနေရာမှာတော့သင့်ရဲ့folderနာမည်ကိုထဲ့ရမှာဖြစ်ပါတယ်။
အထက်ပါအတိုင်း ရိုက်ထည့်ပြီးပြီ ဆိုတာနဲ့Enterနှိပ်ပါ။

 ၄။ အောက်ပါ အတိုင်း ဆက်လက်ရိုက်ထည့်ပါ့မယ်....

Copy(s)/b(s)1.jpg + Data.rar(s)1.jpg

ဒီနေရာလေးမှာ 1.jpg နေရာမှာကတော့ ဓါတ်ပုံမှာ ပေးထားတဲ့ နာမည်နဲ့ jpg ဆိုတာကတော့ ဓါတ်ပုံ
File Type အမျိုးအစားပဲ ဖြစ်ပါတယ်...(ဥပမာ တစ်ခြား နာမည်တစ်ခုနဲ့ တစ်ခြား ဓါတ်ပုံဖိုင်တိုက်
ဖြစ်တယ်ဆိုရင် yourimagename.png ဆိုပြီး ပြောင်းလဲရေးရပါ့မယ်)
Data.rar ဆိုတာကတော့အစက Winrar ကိုအသုံးပြုပြီး Data တွေကို ထည့်ထားတဲ့ ဖိုင်နာမည်ပဲ ဖြစ်ပါတယ်..ဥပမာ(yourfilename.rar ဆိုပြီး ပြောင်းရေးရပါ့မယ်....)

၅။ ပြီးတာနဲ့ Exit လို့ရိုက်ထည့်ပြီး CMD Box ကို ပိတ်လိုက်ပါမယ်...
မိမိဖွက်ထားလိုတဲ့ Data တွေဟာ ဓါတ်ပုံထဲကို အလိုလို ကူးထည့်ပြီးသား
ဖြစ်သွားပါပြီ။folder ထဲမှာရှိတဲ့Data.rar ဖိုင်ကိုDelete လုပ်လိုက်ပါ။

၆။ Data တွေကို ဓါတ်ပုံထဲမှာ ဖွက်ထားပြီးပြီ ဆိုတော့ ထို ဓါတ်ပုံထဲမှ Data တွေကို ပြန်ပြီး
ယူဖို့အတွက် ပထမဆုံး Data တွေ ဖွက်ထားတဲ့ ဓါတ်ပုံမှာ Right Click ထောက်ပြီး open withကိုနှိပ်ပါ။
၇။ Open With Box တစ်ခု ထွက်လာပါလိမ့်မယ်..ထို Open With Box ရဲ့ Down Arrow မှတစ်ဆင့်
Winrar ကို Select လုပ်ပြီး Ok ပေးလိုက်ပါ.....

၉။ အခုဆိုရင် မိမိ ဖွက်ထားတဲ့ Data တွေကို မြင်တွေ့ရ မှာပဲ ဖြစ်ပါတယ်.....

Ebook ဖြင့်ဒေါင်းလိုပါက
  

Winrar Downရန်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS