Powered by Blogger.
RSS

ကွန်ပျူတာနာရီ Pebble

2482pebbel-epaper

ကွန်ပျူတာနာရီလို့ တင်စားခေါ်ဝေါ်ရတဲ့ Pebble အမည်ရ နာရီလေးကို မကြာမီ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။
စတင်ထုတ်လုပ်တုန်းကတော့ နေရောင်ခြည်အလင်းအောက်မှာတောင် ကြည်လင်ပြတ်သားတဲ့ ဒီဂျစ်တယ် မျက်နှာပြင်မှ အချိန်​​တွေကို ပြသပေးဖို့ဖြစ်ပါတယ်။ ၎င်းသို့ပြသနိုင်ဖို့အတွက် Screen ပေါ် Technology တွေပေါင်းစပ်တဲ့အခါမှာ ကွန်ပျူတာ အငယ် စား တစ်ခုနီးနီး အသုံးဝင်လာစေခဲ့ပါတယ်။
မျက်နှာပြင်ပေါ်မှာ အချိန်ကို စာနဲ့သော်လည်းကောင်း၊ ဂဏန်းနဲ့သော်လည်းကောင်း၊ လက်တံနဲ့သော် လည်းကောင်း ပြသပေးနိုင်ပြီး iPod , iPhone တို့လို smart Gadget တွေနဲ့ ပေါင်း စပ်ပြီး app တစ်ခု အနေနဲ့လည်း အသုံးဝင်စေမှာဖြစ်ပါတယ်။ သူ့မှာ Bluetooth ပါဝင်ပြီး Smart Phone နဲ့ချိတ်ဆက်တဲ့အခါ တယ်လီဖုန်းစကားပြောခွက် လိုတောင် အသုံးပြုလို့ရ တယ်လို့ ဆိုထား ပါတယ်။ ပြီးတော့ Message တိုပို့တဲ့စနစ် တစ်ခုအဖြစ်လည်း အသုံးပြုလို့ရစေမှာ ဖြစ်ပါတယ်။ Date Storage အတွက်လည်း နေ ရာပါရှိပြီး Data Sharing လုပ်လို့ရတဲ့ နာရီတစ်မျိုးလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဒီလောက်ဆို တော်တော်လေးအသုံးဝင်မယ့် နာရီဆိုတာ သိသာနေပါပြီ။ သူ့ကို စက်ဘီးစီး အားကစားသမားများ အသုံးပြုဖို့ပိုမို သင့်​တော်တယ်လို့ ဆိုထားပြီး အမေရိကန်ဒေါ်လာ ၁၅၀ ဝန်းကျင် တန်ဖိုးရှိတယ်လို့ သိရပါတယ်။ 

Ref:shwelone.com

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 ဦးမှတ်ချက်ပေးထားသည်။:

Post a Comment