Powered by Blogger.
RSS

Truck Parking 3D 1.01

 

 ကားပါကင်ထိုးတဲ့ဂိမ်းသစ်လေးပါ။မနေ့ကမှထွက်ထားတာပါ။ရုပ်ထွက်လည်းကောင်းပါတယ်။

လိုချင်ရင်တော့အောက်မှာဒေါင်းပါ။

Download Here

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Android ဖုန်းအားလုံးအတွက် Recovery Mode ၀င်နည်း


အခုပြောပြပေးမှာကတော့ Android ဖုန်း အားလုံးအတွက် Recovery Mode ၀င်နည်း ဖြစ်ပါတယ်။ အရင်က Recovery mode ကို ၀င်ဖို့ဆိုရင် ဖုန်းအမျိုးအစားပေါ်လိုက်၍ သက်ဆိုင်ရာ ခလုပ်များကိုနှိပ်ရပါတယ်။ အခုပြောမည့် နည်းကတော့ ဘာခလုပ်မှ နှိပ်စရာမလိုတော့ပါဘူး။ လိုအပ်သော One Click Recovery ဖိုင်ကိုဒေါင်းပါ။
ဒေါင်း၍ရလာသော One Click Recovery.rar ကို ဖြေချလိုက်ပါ။ အဲဒီထဲမှာ ပါလာတဲ့ One Click Recovery.exe ကို ကွန်ပျူတာပေါ်မှာ install လုပ်လိုက်ပါ။ desktop ပေါ်မှာ One Click Recovery ဆိုတဲ့ Icon လေး တွေ့ရပါလိမ့်မယ်။
Recovery mode ၀င်ချင်တဲ့ ဖုန်းကို power ဖွင့်ပြီး ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ ပြီးလျှင် desktop ပေါ်က One Click Recovery ကို run လိုက်ပါ။ အောက်ပါပုံက box ကလေး တွေ့ရပါလိ့မ်မယ်။


Click To Enter Recovery ကို နှိပ်လိုက်ပါ။ ကဲ အခု ဖုန်းလေးကို ကြည့်လိုက်ပါ။ Recovery mode ထဲ ရောက်သွားတာ တွေ့ရပါလိ့မ်မယ်။ အားလုံးအဆင်ပြေကြပါစေ.......


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကွက်လပ်ဖြည့်ပါ။

၁။ အလှုအိမ်တွင် ထမင်းစားလျှင် အရှာဖွေ အခံရဆုံးအရာမှာ _____ ဖြစ်သည်။
(က) ထမင်းလိုက်ပွဲ ပန်းကန် (ခ) ဇွန်း (ဂ) အသားတုံး ပန်းကန် (ဃ) လက်ဆေးပန်းကန်

၂။ ခိုးကူးခွေများတွင်အလကားပေးသော်လည်း မယူဘဲ ပိုက်ဆံပြန်အမ်းကြသဖြင့် ခိုးကူးသမားများအလွန်ကြိုက်ကြသော စီးရီး၏ အဆိုတော်မှာ_____ ဖြစ်သည်။
(က) စောသက် (ခ) ရှင်းရှင်း (ဂ) ဗီဗာဟိန်း (ဃ) အိန်အိန်း

၃။ရန်ကုန် မြို့သည် မြန်မာနိုင်ငံ၏ ______ဖြစ်သည်။
(က) ဒုတိယ မြို့တော် (ခ) ကွန်ကရစ် မြို့တော် (ဂ) လိုင်းကား မြို့တော် (ဃ) လမ်းဘေးဈေးသည်မြို့တော်

၎။ နေရဲမာန် နောက်ဆုံးထွက်ခဲ့သော စီးရီး အမည်မှာ _____ ဖြစ်သည်။
(က) ဘယ်သူမှ မဖက်နဲ့ ငါပဲ ဖက်မယ် (ခ) ဖက်စရာ ဘယ်သူကျန်သေးလဲဟေ့ (ဂ) ဆံဖြူသွားကျိုးအသေဆိုး (ဃ) ဂလဲမောင်မောင်

၅။ မြန်မာနိုင်ငံ၏ သူရဲကောင်းမှာ ____ ဖြစ်သည်။
(က) စိုင်းနော်ခမ်း (ခ) နေထက်လင်း (ဂ) ဂျွန်ဂို (ဃ) သီဟတင်စိုး

၆။ အကယ်ဒမီသေချာသောဇာတ်ကားမှာ ____ ဖြစ်သည်။
(က) အမေ ဇာတ်ကား (ခ) ဟာသဇာတ်ကား (ဂ) ပေါ်လစီဇာတ်ကား (ဃ) အချစ်ဇာတ်ကား

၇။ MPT ၏ ဆောင်ပုဒ်မှာ ____ ဖြစ်သည်။
(က) သုံးချင်သုံး မသုံးချင်နေ လျှာမရှည်နဲ့ (ခ) တို့ကတော့ ခပ်နှေးနှေးပဲ (ဂ) ဘယ်သူပြိုင်လို့ နှေးပါတော့နိုင် (ဃ) ဆံပင်တွေ ဖြူသွားကျိုးပစေ ပါးရေနားရည်တွေ တွန့်လည်းလဲလေ MPT speed အမြဲနှေးနေမယ်

၈။ သားစိုး၏ နောက်ထွက်မည့် အခွေမှာ_____ ဖြစ်သည်။
(က) နှဲမှုတ်တဲ့ မောင် (ခ) ရောသမမွှေမည့် နာဂစ်ဘေထုပ် (ဂ) အိုပါး အမေဂျမ်း စတိုင်လ် (ဃ) အပေါင်ဆုံးသမားလေး သားစိုးကျွန်တော်

၉။ ကြေးမုံ သတင်းစာသည်_____ သတင်းစာ ဖြစ်သည်။
(က) နာရေး (ခ) လက်ထပ်ပြီးစီးကြောင်းကြော်ငြာခြင်း (ဂ) သားသမီးအဖြစ်မှ စွန့်လွှတ်ကြောင်းကြော်ငြာသော (ဂ) ကောင်းကွက်များသာဖော်ပြသော

၁၀။ မြန်မာ့လက်ရွေးစင်ဘောလုံးသမားများသည် အသက်____ နှစ်တွင် အသက်ထပ်မကြီးကြတော့ပေ
(က) မွေးကင်းစ (ခ) လမ်းလျှောက်ခါစ (ဂ) လူပျိုပေါက် (ဃ) ၂၃

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Rooting Sony Ericsson Xperia Ray 4.0.3


 

အရင်ဆုံးအောက်မှာပေးထားတဲ့ File ကိုဒေါင်းပါ။
ဖုန်းကိုကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။
ဒေါင်းလို့ရလာတဲ့file ကိုဖြည်လိုက်ပြီး runme.bat file ကိုဖွင့်လိုက်ပါ။
 


 
Press any key to continue...... ဆိုတဲ့နေရာမှာ "1"လို့ရိုက်ထည့်ပြီး Enterနှိပ်ပါ။
Root စတင်ပြုလုပ်နေပါလိမ့်မယ်။
Root လုပ်နေစဉ်ဖုန်းကRestart နှစ်ကြိမ်ခန့်ကျပါလိမ့်မယ်။
အားလုံးပြီးဆုံးသွားရင်တော့သင့်ဖုန်းမှာSuperuser ဆိုတဲ့ application ရယ် Busybox ဆိုတဲ့ application
နှစ်ခုကို Install လုပ်ပြီးဖြစ်ပါလိမ့်မယ်။
"ALL DONE"ဆိုတဲ့ message လေးကျလာရင်တော့သင့်မှာ root access ပိုင်ဆိုင်သွားပါပြီ။ 
အဆင်မပြေတာများရှိရင် Chat box မှာဖြစ်ဖြစ် Comment မှာရေးခဲ့ပေးပါ။






 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS