Powered by Blogger.
RSS

ကွက်လပ်ဖြည့်ပါ။

၁။ အလှုအိမ်တွင် ထမင်းစားလျှင် အရှာဖွေ အခံရဆုံးအရာမှာ _____ ဖြစ်သည်။
(က) ထမင်းလိုက်ပွဲ ပန်းကန် (ခ) ဇွန်း (ဂ) အသားတုံး ပန်းကန် (ဃ) လက်ဆေးပန်းကန်

၂။ ခိုးကူးခွေများတွင်အလကားပေးသော်လည်း မယူဘဲ ပိုက်ဆံပြန်အမ်းကြသဖြင့် ခိုးကူးသမားများအလွန်ကြိုက်ကြသော စီးရီး၏ အဆိုတော်မှာ_____ ဖြစ်သည်။
(က) စောသက် (ခ) ရှင်းရှင်း (ဂ) ဗီဗာဟိန်း (ဃ) အိန်အိန်း

၃။ရန်ကုန် မြို့သည် မြန်မာနိုင်ငံ၏ ______ဖြစ်သည်။
(က) ဒုတိယ မြို့တော် (ခ) ကွန်ကရစ် မြို့တော် (ဂ) လိုင်းကား မြို့တော် (ဃ) လမ်းဘေးဈေးသည်မြို့တော်

၎။ နေရဲမာန် နောက်ဆုံးထွက်ခဲ့သော စီးရီး အမည်မှာ _____ ဖြစ်သည်။
(က) ဘယ်သူမှ မဖက်နဲ့ ငါပဲ ဖက်မယ် (ခ) ဖက်စရာ ဘယ်သူကျန်သေးလဲဟေ့ (ဂ) ဆံဖြူသွားကျိုးအသေဆိုး (ဃ) ဂလဲမောင်မောင်

၅။ မြန်မာနိုင်ငံ၏ သူရဲကောင်းမှာ ____ ဖြစ်သည်။
(က) စိုင်းနော်ခမ်း (ခ) နေထက်လင်း (ဂ) ဂျွန်ဂို (ဃ) သီဟတင်စိုး

၆။ အကယ်ဒမီသေချာသောဇာတ်ကားမှာ ____ ဖြစ်သည်။
(က) အမေ ဇာတ်ကား (ခ) ဟာသဇာတ်ကား (ဂ) ပေါ်လစီဇာတ်ကား (ဃ) အချစ်ဇာတ်ကား

၇။ MPT ၏ ဆောင်ပုဒ်မှာ ____ ဖြစ်သည်။
(က) သုံးချင်သုံး မသုံးချင်နေ လျှာမရှည်နဲ့ (ခ) တို့ကတော့ ခပ်နှေးနှေးပဲ (ဂ) ဘယ်သူပြိုင်လို့ နှေးပါတော့နိုင် (ဃ) ဆံပင်တွေ ဖြူသွားကျိုးပစေ ပါးရေနားရည်တွေ တွန့်လည်းလဲလေ MPT speed အမြဲနှေးနေမယ်

၈။ သားစိုး၏ နောက်ထွက်မည့် အခွေမှာ_____ ဖြစ်သည်။
(က) နှဲမှုတ်တဲ့ မောင် (ခ) ရောသမမွှေမည့် နာဂစ်ဘေထုပ် (ဂ) အိုပါး အမေဂျမ်း စတိုင်လ် (ဃ) အပေါင်ဆုံးသမားလေး သားစိုးကျွန်တော်

၉။ ကြေးမုံ သတင်းစာသည်_____ သတင်းစာ ဖြစ်သည်။
(က) နာရေး (ခ) လက်ထပ်ပြီးစီးကြောင်းကြော်ငြာခြင်း (ဂ) သားသမီးအဖြစ်မှ စွန့်လွှတ်ကြောင်းကြော်ငြာသော (ဂ) ကောင်းကွက်များသာဖော်ပြသော

၁၀။ မြန်မာ့လက်ရွေးစင်ဘောလုံးသမားများသည် အသက်____ နှစ်တွင် အသက်ထပ်မကြီးကြတော့ပေ
(က) မွေးကင်းစ (ခ) လမ်းလျှောက်ခါစ (ဂ) လူပျိုပေါက် (ဃ) ၂၃

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 ဦးမှတ်ချက်ပေးထားသည်။:

Post a Comment