Powered by Blogger.
RSS

ကွန်ပျူတာ လိမ်ရောင်းနည်း

 ခေါင်းစဉ်မြင်လိုက်တော့ စိတ်ဝင်စားသွားမယ်ထင်ပါတယ်..ဒါပေမယ့် ဗဟုသုတအနေနဲ့ တင်ပြပေးလိုက်တာပါ..ဘယ်လိုလဲဆိုတော့..အခုတိုးတက်လာတဲ့ခေတ်ကြီးမှာ လူတိုင်းနီးပါးက ကွန်ပျူတာ တွေ LapTop တွေ အစုံအလင်ကိုင်လာနိုင်ကြတယ်နားလည်တဲ့ သူရှိသလို..နားမလည်တဲ့သူတွေလဲရှိပါတယ်..ဒါကိုအခွင့်ကောင်းယူပြီး ရောင်းချသူအချို့က ကွန်ပျူတာ CPU ကိုလိမ်ပြီးရောင်းပါတယ်..ဘယ်လိုလိမ်လဲဆိုတော့ နဂိုက CPU P4 ကို.. Dual Core i5 ဆိုပြီး လိမ်ညာ ရောင်းချလိုက်တာမျိုးပါဘဲ..ကဲ..ဒီမှာတင်ဇာတ်လမ်းစပါပြီ..တစ်ချို့ဝယ်မယ့်သူတွေကလဲ i3, i5 စသဖြင့် အသံလေးကြားရုံနဲ့တင် ၀ယ်ဖို့ဆန္ဒပြင်းထန်နေကြပါပြီ..ဒီလိုသာ လိမ်ရောင်းတာခံလိုက်ရမယ် ဆိုရင် ကိုယ့်အတွက် တော်တော်ကြီးကိုနစ်နာသွားမှာပါ..ကဲ..ဒီတော့ ဘယ်လိုလိမ်သလဲဆိုတာကို ဆက်ပြောပါ့မယ်..အခုနည်းတင်ပေးတာက..အားလုံးဘဲ သတိပြုမိကြစေဖို့ပါ..ကွန်ပျူတာဝယ်ရင် ကွန်ပျူတာကိုသေချာကြည့်ပါ..ဥပမာ.မိမိက ကွန်ပျူတာ ၀ယ်မယ်ဆိုရင် ပိုက်ဆံရှိပြီဆိုတာနဲ့ ချက်ချင်း ဆိုင်ကိုပြေးမ၀ယ်ပါသေးနဲ့ဦး..အရင်ဆုံး ကိုယ်ဝယ်လိုတဲ့ ဆိုင်ကို အရင်သွားပါ..မိမိစိတ်ကြိုက်ကွန်ပျူတာကိုတွေ့ရင် Model နံပတ်နဲ့အရောင်အမျိုးအစားကို မှတ်သားပြီး..အင်တာနက်ပေါ်သို့တက်ပါ..ပြီးတာနဲ့ မိမိမှတ်သားလာတဲ့ မော်ဒယ်နံပတ်ကို အင်တာနက်မယ် ရိုက်ပြီးရှာကြည့်ပါ။ အရောင်တူနေတယ်..ပုံစံတူနေတယ် ဆိုရင်တော့ ပြသနာမရှိပါဘူး..မတူဘူးဆိုရင်တော့ သတိထားဖို့အကြံပေးပါရစေ..

ကွန်ပျူတာကို အခုအထိ မပေါ်သေးတဲ့ pentium 9 လုပ်ကြည့်မလား .... ဒါက သူငယ်ချင်းတွေကို အကြောင်ရိုက်ပြီးနောက်လို့ရပါတယ် .. ကိုယ့်ကွန်ပျူတာရဲ့ cpu ဟာ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ်ပေါ့ .. ဥပမာ .. pentium III ဆိုကြပါစို့ .. ကိုက သူငယ်ချင်းတစ်ယောက်ကိုရောင်းချင်တယ်ပေါ့ ... မျက်နှာပန်းလဲလှချင်တယ်ပေါ့ ...ချက်ချင်းကို အခုအချိန်အထိ မပေါ်သေးတဲ့ pentium 9 အထိကိုပါ ပြောင်းပစ်လိုက်လို့ရတယ် ... စမ်းကြည့်မလား .. ကျွန်တော် ဒီပို့စ်လေးကို ရေးတာ နားမလည်တဲ့ သူငယ်ချင်းများကို မိမိကွန်ပျူတာ လိမ်ရောင်းဖို့မဟုတ်ပါဘူး ... သူများလိမ်လာမှာကို ကိုက နားလည်အောင်လို့ပါ ...
start>> run>> ကိုသွားပြီး regedit လို့ ရိုက်ထည့်လိုက်ပါ ပြီးရင် enter ..
Hkey_local_machine>> Hardware>> Description>> system>> Central Processor ကို သွားလိုက်ပါ ..
ပြီးလျှင် မိမိကွန်ပျူတာရဲ့ Processor Name string ကို နှိပ်ပြီး မိမိကြိုက်တဲ့ အမျိုးအစားကို ပြန်ပြင်ရိုက်လို့ရပါပြီး ..

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Using computer without keyboard and mouse...ကွန်ပျူတာကို Mouth နဲ့သုံးမယ်...

 စကားပြောပြီး ကွန်ပြူတာ ကို ခိုင်းကြည့် ရအောင် ဆော့ဝဲလ်မလိုပါဘူး ၀င်ဒိုးမှာပါပြီးသားကို အသုံးချခြင်း ဖြစ်ပါသည်..

-သီချင်းဖွင့်ခိုင်းလို့ရတယ်
-စာတွေရေးခိုင်းလို့ ရတယ်
-ဂိမ်းကစားခိုင်းလို့ရတယ်
-အဖွင့် အပိတ် လုပ်ခိုင်းလို့ ၇တယ်
-အင်တာနက်သုံးလို့ရတယ်
-ချက်တင် ပြောလို့ရတယ်
ကျန်တာတွေ အများကြီး ကို လည်သလို ခိုင်းလို့ ရပါတယ်။
သူ့ကို ခိုင်းမယ်ဆိုရင် အင်္ဂလိပ်လိုပဲ ခိုင်းလို့ရတယ်။။ကိုယ်ပြောတဲ့စကားကို
အင်္ဂလိပ်လိုပီအောင်ပြောရတယ်ဗျ။
မခက်ပါဘူး ကျနော်ဆို အစတုန်းကတော့ ပြောလို့မရဘူးဗျ ကြာလာတော့လဲ သူ့ဘာသာ သူ အဆင်ပြေလာပါတယ်

ကျနော် အကြိုက်ဆုံး အချက် က ဒါလေးကို စကားနဲ့ ခိုင်းနေရလို့ ကိုယ့်ရဲ့ အင်္ဂလိပ်စကားပြောလဲတိုးတက်လာနိုင်ပါတယ်

လိုအပ်ချက်များ
-windows 7 x32 (or) x64 တင်ထားသော ကွန်ပြူတာ(XP မှာလဲ ပါတယ်လို့ ကြားတယ် ကျနော့မှာ XP မရှိတော့ မစမ်းကြည့်ရသေးပါ)
-မိုက် ပါသော နားကြပ်
-ရေ တစ်ခွက်(ပြောနေရင်းနဲ့ အာခြောက်လာရင် သောက်လို့ရအောင်လေ)
-အင်္ဂလိပ်စကားနဲ့ အင်္ဂလိပ်စာကို မတောက်တခေါက်တက်သော လူတစ်ယောက်

ကွန်ပြူတာကို ဖွင့်ပါ ။နားကြပ်နဲ့ မိုက်ကို တပ်လိုက်ပါ
(အောက်ပါရှင်းပြချက်များသည် windows 7 Ultimate sp1 x 64bit ကို အခြေခံပြီး ရေးသားထားပါသည်)

--အရင်ဆုံး ကွန်ပြူတာကီးဘုတ်ပေါ်က ၀င်းဒိုးပုံပါတဲ့ခလုတ်ကို ကလစ်လိုက် Start menu ပေါ်လာရင် contorl panel ထဲဝင်လိုက်ပါ။




ပြီးရင် Ease of Access ထဲကို ၀င်ပါ။(စက်တစ်လုံးနဲ့ တစ်လုံးမတူနိုင်ပါဘူး တွေ့အောင် ရှာကြပါ)



Speech Recognition ထဲထပ်ဝင်ပါ။(တစ်ချို့စက်တွေမှာ Ease of Access မရှိပဲ Speech Recognition ကို
တိုက်ရိုက်ရှာပေးရမှာဖြစ်ပါတယ်)



အဲဒါကို ၀င်လိုက်ရင် ဒီလိုမျိုးလေးတွေ့မှာပါ အခုမှစသုံးမယ်ဆိုတော့ လေ့ကျင့်ခန်းအရင်လုပ်ကြည့်ပါ(လေ့ကျင့်ခန်းကို အကုန်
လေ့ကျင့်ကြပါ ဒါမှ တကယ် အသုံးပြုတဲ့ အခါ ကျရင် အဆင်ပြေမှာပါ)
Take Speech Tutotial ကို ကလစ်လိုက်ပါ။



အောက်ကပုံအတိုင်းပေါ်လာမှာပါ



ညာဘက်ဒေါင့်မှာ ကိုယ်ပြောရမယ့်ဟာတွေကို ရေးထားပေးပါတယ် တက်နိုင်သလောက် ပီအောင်ပြောကြည့်ပါ
ကိုယ်ပြောတာ မှားနေရင် ဘယ်ဘက်က player မှာ What is this? လို့ ပြောနေမှာပါ မှန်အောင်ပြောပေးလိုက်ပါ။
(လေ့ကျင့် ခန်း ဖြစ်တဲ့ အတွက် သူပြောခိုင်းသလောက်ပဲပြောပါ။သူပြောခိုင်းတဲ့ အတိုင်း ပြောပါ။ တကယ်သုံးရင်တော့
ကိုယ်ခိုင်းချင်သလို အဆင်ပြေအောင်ပြောလို့ ရပါတယ်)
တစ်ခုသတိပေးချင်တာကတော့ လေ့ကျင့်ခန်းမှာ မောက်စ် နဲ့ ကီးဘုတ်ကို သုံးစရာမလိုပါ စကားပြောသက်သက်နဲ့ပဲ အလုပ်လုပ်မှာပါ
Next အစ Ok က အစ အားလုံး စကာပြောနဲ့ပဲ ခိုင်းပါ
လေ့ကျင့်ခန်းအားလုံး လေ့ကျင့်ပြီးသွားရင်တော့ ကွန်ပြူတာကို ဘယ်လိုခိုင်း၇မလဲ သဘောပေါက်လာပါလိမ့်မယ်
လေ့ကျင့်ခန်းကို ကျော်ပြီး မလေ့ကျင့်ပါနဲ့ လိုတော့ ပြောချင်ပါတယ်
အားလုံးပြီးပြီးဆိုရင် အပေါ်ဆုံးက Start Speech Recognition ကို ကလစ်ပြီး Player ပေါ်လာရင် လည်သလို
ခိုင်းပေတော့...အဆင်ပြေကြပါစေဗျာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Samsung Galaxy Ace s5830i ကို Jellybeam custom rom တင်ကြမယ်..

Samsung Galaxy Ace s5830i ဆိုတဲ့ဖုန်းလေးကို Version မြှင့်နည်း.Official rom တော့မဟုတ်ပါဘူး....Simplicity v3 (Jelly Blast) ဆိုတဲ့ 
Android (4.1) Jellybeam custom rom လေးပါ.....အောက်ကပုံလေးတွေက သူ့ Screen Shot လေးတွေပါ.
 

 

Simplicity v3 final ဒေါင်းရန်....



CWM zip ဒေါင်းရန်
 


ဖုန်းကို အားပြည့်အောင်သွင်းထားပါ..
1.အရင်ဆုံးကိုယ့်ဖုန်းထဲမှာရှိတာလေးတွေကို Backup လုပ်ထားလိုက်...contacts တို့ messages တို့အရေးကြီးတာတွေပေါ့....
2.ဒေါင်းထားတဲ့ Rom zip ကို SD card ထဲထည့် CWM zip နဲ့နဲ့တူတူပေါ့...
3.ပြီးရင် CWM Recovery ထဲဝင်မယ်.CWM ၀င်ဖို့ဖုန်း ကိုပါဝါပိတ် Vol+ Power နဲ့ Home ကိုခဏတွဲနှိပ်ပါ ၃စက္ကန့်လောက်...အောက်ကပုံထဲကအတိုင်းရောက်ရင်ရပီ.....recovery ထဲမှာ vol up/down နဲ့ ရွေ့ပြီးတော့ Home ကို Enter အဖြစ်သုံးပါတယ်


 


4.Recovery မှာ နှစ်ကြောင်းမြောက်က...apply update from SDcard ထဲဝင် CWM zip ကိုရွေးပြီး CWM ကနေ Backup လုပ်ထားလိုက်...ပြီးရင်နောက်ကိုပြန်ထွက် wipe data/reset ကိုရွေး...reset လုပ်ပေး..wipe cache partition ပါလုပ်ပေးလိုက်ပါ

 
5.ပြီးရင်တော့ install zip from SD ထဲဝင် choose zip လုပ်  ဒေါင်းထားတဲ့ rom zip လေးကိုရွေးပေးလိုက်ခဏစောင့် install from SD card complete လို့ပေါ်ရင်ရပြီ..
6.Errorတခုခု ပြပီးမရခဲ့ရင်ဖုန်းကိုပိတ် ရိုးရိုး Recovery ထဲဝင် rom zip ကိုရွေးပေးပါ တချို့ rom zip တွေက CWM က လုပ်လို့မရတတ်ပါဘူးး...
ဖုန်းကို Reboot လုပ်ပေးလိုက်...ပြန်တက်လာရင် jelly beam လေးနဲ့လန်းနေပါပြီ.............



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Flash Songs လုပ်နည်း

ကိုယ့်ကောင်မလေးအတွက်ပဲဖြစ်ဖြစ်ကိုယ့်သူငယ်ချင်းအတွက်ပဲဖြစ်ဖြစ်
Flash song လေးတွေလုပ်ပေးချင်တဲ့သူများအတွက်ပါ။

Flash song လုပ်နည်းစာအုပ်


Software


 Mouse effect ထည့်နည်း


ကိုယ်ကြိုက်တဲ့effect ကိုတော့အောက်မှာဒေါင်းပါ။


(star mouseEffect ဒေါင်းရန်) (နှင်းဆီ back ground(1))
(နှင်းဆီ back ground(2)) (ခေါင်းလောင်းback ground)
(Flash Player ဒေါင်းရန်) (ပန်းရောင် back ground)
(4 ground components ) (လိပ်ပြာ ၃ back ground)
(လိပ်ပြာ 1 back ground) (ရေလှိုင်း back ground components )
(Heart back ground) (Flower back ground)
(star back ground) (mouse effect letter)
(လိပ်ပြာmouse effect) (Snow components)
(ဖဲကြိုးcomponents ) (3Dအသဲနောက်ခံ)
(play and stop button) (3Deffect များကိုခွဲသုံးနည်းmovie ဖိုင်)



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Truck Parking 3D 1.01

 

 ကားပါကင်ထိုးတဲ့ဂိမ်းသစ်လေးပါ။မနေ့ကမှထွက်ထားတာပါ။ရုပ်ထွက်လည်းကောင်းပါတယ်။

လိုချင်ရင်တော့အောက်မှာဒေါင်းပါ။

Download Here

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Android ဖုန်းအားလုံးအတွက် Recovery Mode ၀င်နည်း


အခုပြောပြပေးမှာကတော့ Android ဖုန်း အားလုံးအတွက် Recovery Mode ၀င်နည်း ဖြစ်ပါတယ်။ အရင်က Recovery mode ကို ၀င်ဖို့ဆိုရင် ဖုန်းအမျိုးအစားပေါ်လိုက်၍ သက်ဆိုင်ရာ ခလုပ်များကိုနှိပ်ရပါတယ်။ အခုပြောမည့် နည်းကတော့ ဘာခလုပ်မှ နှိပ်စရာမလိုတော့ပါဘူး။ လိုအပ်သော One Click Recovery ဖိုင်ကိုဒေါင်းပါ။
ဒေါင်း၍ရလာသော One Click Recovery.rar ကို ဖြေချလိုက်ပါ။ အဲဒီထဲမှာ ပါလာတဲ့ One Click Recovery.exe ကို ကွန်ပျူတာပေါ်မှာ install လုပ်လိုက်ပါ။ desktop ပေါ်မှာ One Click Recovery ဆိုတဲ့ Icon လေး တွေ့ရပါလိမ့်မယ်။
Recovery mode ၀င်ချင်တဲ့ ဖုန်းကို power ဖွင့်ပြီး ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ ပြီးလျှင် desktop ပေါ်က One Click Recovery ကို run လိုက်ပါ။ အောက်ပါပုံက box ကလေး တွေ့ရပါလိ့မ်မယ်။


Click To Enter Recovery ကို နှိပ်လိုက်ပါ။ ကဲ အခု ဖုန်းလေးကို ကြည့်လိုက်ပါ။ Recovery mode ထဲ ရောက်သွားတာ တွေ့ရပါလိ့မ်မယ်။ အားလုံးအဆင်ပြေကြပါစေ.......


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကွက်လပ်ဖြည့်ပါ။

၁။ အလှုအိမ်တွင် ထမင်းစားလျှင် အရှာဖွေ အခံရဆုံးအရာမှာ _____ ဖြစ်သည်။
(က) ထမင်းလိုက်ပွဲ ပန်းကန် (ခ) ဇွန်း (ဂ) အသားတုံး ပန်းကန် (ဃ) လက်ဆေးပန်းကန်

၂။ ခိုးကူးခွေများတွင်အလကားပေးသော်လည်း မယူဘဲ ပိုက်ဆံပြန်အမ်းကြသဖြင့် ခိုးကူးသမားများအလွန်ကြိုက်ကြသော စီးရီး၏ အဆိုတော်မှာ_____ ဖြစ်သည်။
(က) စောသက် (ခ) ရှင်းရှင်း (ဂ) ဗီဗာဟိန်း (ဃ) အိန်အိန်း

၃။ရန်ကုန် မြို့သည် မြန်မာနိုင်ငံ၏ ______ဖြစ်သည်။
(က) ဒုတိယ မြို့တော် (ခ) ကွန်ကရစ် မြို့တော် (ဂ) လိုင်းကား မြို့တော် (ဃ) လမ်းဘေးဈေးသည်မြို့တော်

၎။ နေရဲမာန် နောက်ဆုံးထွက်ခဲ့သော စီးရီး အမည်မှာ _____ ဖြစ်သည်။
(က) ဘယ်သူမှ မဖက်နဲ့ ငါပဲ ဖက်မယ် (ခ) ဖက်စရာ ဘယ်သူကျန်သေးလဲဟေ့ (ဂ) ဆံဖြူသွားကျိုးအသေဆိုး (ဃ) ဂလဲမောင်မောင်

၅။ မြန်မာနိုင်ငံ၏ သူရဲကောင်းမှာ ____ ဖြစ်သည်။
(က) စိုင်းနော်ခမ်း (ခ) နေထက်လင်း (ဂ) ဂျွန်ဂို (ဃ) သီဟတင်စိုး

၆။ အကယ်ဒမီသေချာသောဇာတ်ကားမှာ ____ ဖြစ်သည်။
(က) အမေ ဇာတ်ကား (ခ) ဟာသဇာတ်ကား (ဂ) ပေါ်လစီဇာတ်ကား (ဃ) အချစ်ဇာတ်ကား

၇။ MPT ၏ ဆောင်ပုဒ်မှာ ____ ဖြစ်သည်။
(က) သုံးချင်သုံး မသုံးချင်နေ လျှာမရှည်နဲ့ (ခ) တို့ကတော့ ခပ်နှေးနှေးပဲ (ဂ) ဘယ်သူပြိုင်လို့ နှေးပါတော့နိုင် (ဃ) ဆံပင်တွေ ဖြူသွားကျိုးပစေ ပါးရေနားရည်တွေ တွန့်လည်းလဲလေ MPT speed အမြဲနှေးနေမယ်

၈။ သားစိုး၏ နောက်ထွက်မည့် အခွေမှာ_____ ဖြစ်သည်။
(က) နှဲမှုတ်တဲ့ မောင် (ခ) ရောသမမွှေမည့် နာဂစ်ဘေထုပ် (ဂ) အိုပါး အမေဂျမ်း စတိုင်လ် (ဃ) အပေါင်ဆုံးသမားလေး သားစိုးကျွန်တော်

၉။ ကြေးမုံ သတင်းစာသည်_____ သတင်းစာ ဖြစ်သည်။
(က) နာရေး (ခ) လက်ထပ်ပြီးစီးကြောင်းကြော်ငြာခြင်း (ဂ) သားသမီးအဖြစ်မှ စွန့်လွှတ်ကြောင်းကြော်ငြာသော (ဂ) ကောင်းကွက်များသာဖော်ပြသော

၁၀။ မြန်မာ့လက်ရွေးစင်ဘောလုံးသမားများသည် အသက်____ နှစ်တွင် အသက်ထပ်မကြီးကြတော့ပေ
(က) မွေးကင်းစ (ခ) လမ်းလျှောက်ခါစ (ဂ) လူပျိုပေါက် (ဃ) ၂၃

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Rooting Sony Ericsson Xperia Ray 4.0.3


 

အရင်ဆုံးအောက်မှာပေးထားတဲ့ File ကိုဒေါင်းပါ။
ဖုန်းကိုကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။
ဒေါင်းလို့ရလာတဲ့file ကိုဖြည်လိုက်ပြီး runme.bat file ကိုဖွင့်လိုက်ပါ။
 


 
Press any key to continue...... ဆိုတဲ့နေရာမှာ "1"လို့ရိုက်ထည့်ပြီး Enterနှိပ်ပါ။
Root စတင်ပြုလုပ်နေပါလိမ့်မယ်။
Root လုပ်နေစဉ်ဖုန်းကRestart နှစ်ကြိမ်ခန့်ကျပါလိမ့်မယ်။
အားလုံးပြီးဆုံးသွားရင်တော့သင့်ဖုန်းမှာSuperuser ဆိုတဲ့ application ရယ် Busybox ဆိုတဲ့ application
နှစ်ခုကို Install လုပ်ပြီးဖြစ်ပါလိမ့်မယ်။
"ALL DONE"ဆိုတဲ့ message လေးကျလာရင်တော့သင့်မှာ root access ပိုင်ဆိုင်သွားပါပြီ။ 
အဆင်မပြေတာများရှိရင် Chat box မှာဖြစ်ဖြစ် Comment မှာရေးခဲ့ပေးပါ။






 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

iRepairMan for window

 
 အကြောင်းအမျိုးမျိုးကြောင့်ကွန်ပျူတာမှာ Foder Optionsတို့Task Managerဖွင့်မရတာတို့
ဖြစ်တတ်ပါတယ်။အဲလိုမျိုးဖြစ်လာရင်ဒီ software လေးကအဆင်ပြေပါလိမ့်မယ်။ 




  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လျှိုဝှက်ကင်မရာဖြင့် ရှာပေးမယ့် Phone Application

မိန်းကလေးများ ကိုယ့်ချစ်သူနှင့် တွေ့ဆုံစဉ် လျှိုဝှက်ကင်မရာဖြင့် အရိုက်မခံရရန် ကူညီမည့် Phone Application လွန်ခဲ့တဲ့ ၂၀၁၂ September တုန်းကပေါ့ ချစ်သူလေးနဲ့ အတူတူ လည်ရင်း Youtube Video တစ်ခု ကြည့်ခဲ့ကြတယ်။ 
Love Scence လေးပေါ့ ကောင်လေးနဲ့ ကောင်မလေး နမ်းနေကြတယ် နမ်းရင်း နမ်းရင်း ..............(ဆက်သာဖြည့်တွေး လိုက်ကြပါတော့) မကြာပါဘူး ဖျနးဖျန်းဖျန်းဆိုပြီး ပါးကြီး ၃ချက်ဆင့် ပိတ်ရိုက်တယ် ကောင်မလေးက ကောင်လေးကို ဘာကြောင့်ပါ လိမ့်ပေါ့.. ဘယ်ဟုတ်မလဲ ကောင်မလေးဖုန်းက အသံတွေထမြည်တာ ဘာလို့ မြည်တာတုန်း?? မြည်မှာပေါ့ ....  
ကောင်လေးက အခန်းထဲမှာ ကင်မရာခိုးတပ်ပြီးသူတို့  Love Scence လေးကို လျို့ဝှက်ရိုက်ကူးရေး လုပ်နေတာ အဲဒါကို ကောင်မလေး ဖုန်းထဲမှာ ထည့်ထားတဲ့ Software လေးက ထောက်လှမ်းမိပြီး အချက်ပြ လိုက်တာပေါ့ဗျာ... 



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Love Baydin v1.0

 

 

အချစ်ဗေဒင်လေးပါ။ မိမိမွေးနေ.နဲ.မိမိချစ်သူမွေးနေ.တို.ကိုထည်.ပြီး ထွက်ချက်ရတာဖြစ်ပါတယ်။ လိုချင်တယ်ဆိုအောက်မှာရယူလိုက်ပါ။

 


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လုံခြုံစိတ်ချစွာ Facebook သုံးစွဲနည်း(Ebook)

 

Download Here



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အသံလေးနဲ့ဖုန်းခေါ်မယ် ဆော့ဝဲလ်တွေဖွင့်မယ်

Android phone များအတွက် အသံလေးနဲ့ ဖုန်းခေါ်ဆိုမှုပြုလုပ်နိုင်ပါတယ်ခင်ဗျာ မိမိခေါ်လိုတဲ့ဖုန်းနံပါတ်ကို အသံလေးနဲ့ record ပြုလုပ်ထားလိုက်ပြီး ဆော့ဝဲလ်ဖွင့်ပြီး အသံလေးနဲ့အမိန့်ပေးလိုက်ရုံပါပဲ ဖုန်းက သူ့ဘာသာခေါ်သွားမှာပါ။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Oppo R811 ကို root လုပ်နည်း

 

အရင်ဆုံး root မလုပ်ခင်
မိမိ computer မှာ oppo ရဲ့ usb driver သွင်းထားရပါမယ်
 


Root ဖိုင်းကိုဒေါင်ရန်

ဒေါင်လို့ ရလာတဲ့software ကို install လုပ်ပေးလိုက်ပါ။ဖွင့်လိုက်ပါ

 

ပုံတက်လာရင် မိမိဖုန်းကို computer နဲချိတ်ဖို့ အတွက် ဖုန်းရဲ့  settings usb debuggingမှာ အမှန်ပေးလိုက်ပါ။ ပြီရင် ဖုန်းကို computer နဲချိတ်ပေးလိုက်ပါ

မိမိဖုန်းကို computer ကသိပြီဆိုရင် အခုအနီရောင် ပြထားတဲ့နေရာမှာနှိပ်ပါ

 

 တက်လာပြီဆိုရင် အနီရောင်ပြထားတဲ့နေရာမှာနှိပ်ပါ

 

ဒီပုံတိုင်းဆက်တက်လာပါမယ်

 
       ဒီအတိုင်ဆက်လုပ်သွားပါ

 

ဒီအခါ စတင် rootလုပ် ပါတောမယ်

 

 ပုံအတိုင်းဖြစ်သွားပါမယ်

 

ဒါဆို root လုပ်တာအောင်မြင်ပါ ပြီ  root လုပ်မဲ့ဖုန်းဟာအင်တာနက်လိုင်းဖွင့်ထားပါကပိုအဆင်ပြေမည်။
 
 

 
 
 
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Huawei U8815 2.3.6 Rooting...


 

အရင်ဆုံးအောက်မှာပေးထားတဲ့GingerbreadRoot.exe ကိုဒေါင်းပါ။Anti virus software ကို disable လုပ်ထားလိုက်ပါ။
ဒေါင်းပြီးသွားရင်အဲကောင်လေးကို ဖွင့်လိုက်ပါ။

  
 ဖုန်းရဲ့Setting > Fast boot ကို off လိုက်ပါ။Phone ကို Unknown Source,USB Debugging  ကို အမှန်ခြစ်ထားပါ။
  • ပြီးရင် ဖုန်းကို powe off ပြီး battery ကို 10 စက္ကန့်လောက်ခွာထားလိုက်ပါ။ 
  • Battery ကို ပြန်တက်ပြီး Volume Down + Power ကို 10 စက္ကန့်လောက်ဖိထားလိုက်ပါ။
  • Bootloader မှာရပ်နေပါလိမ့်မယ်။ဖုန်းကိုကွန်ပျူတာနဲ့ချိတ်လိုက်ပါ။
  • GingerbreadRoot.exe ကအလုပ်လုပ်နေပါလိမ့်မယ်။
  • ပြီးရင်တော့ Phone ကို Battery ဖြုတ်လိုက်ပါ။
  • 3 Second လောက်ကြာရင်တော့ Battery ပြန်တက် ပြီး Recovery mode ၀င်အောင်  
  • Volume up + Power ကိုဖိနှိပ်လိုက်ပါ။
  • Recovery mode တက်လာရင် ပထမစာကြောင်း Reboot System Now ကို ရွေးလိုက်ပါ။
  • Auto Reboot တက်ပြီးဖုန်းပြန်တက်လာရင် Super User ပါပဲ။
Huawei Driver
 

GingerbreadRoot.exe  
 









  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Software Engineering 8 Ebook

 

University of Computer Studiesမှာတက်နေတဲ့ဒုတိယနှစ်ကျောင်းသားကျောင်းသူများအတွက်
ဒီနှစ်မှအသစ်သင်ရတဲ့ SE8 စာအုပ်မဝယ်ရသေးသောသူများအတွက်Ebookလေးပါ။
 ကျောင်းမှဆိုရင်တော့ 6700 ကျပ်တောင်ကျမှာဒီမှာတော့ free ပေါ့။



 



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဒီစာစောင်လေးကို မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ် .....


သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်

သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…

" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."

သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*

တန်းဖိုးသိမှ တန်ဖိုးရှိတယ်...

တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...

တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ.... 
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS