Powered by Blogger.
RSS

RAM (memory) ကို ထပ်မစိုက်ပဲ တိုးချင်ရင်


မိမိမှာ ရှိတဲ့ RAM (memory) ကို ထပ်မစိုက်ပဲ တိုးချင်ရင် နည်းတစ်ခုပြောပြပါ့မယ်။  CPU ကို over clock တင်သလိုပါပဲ ။ software လိုင်စင်တွေရဲ့ စကားတိုင်းပြောရရင်တော့ သင့်ရဲ့ ကိုယ်ပိုင် စွန့်စားမှုသာဖြစ်ပါတယ် ။
My Computer ကို R-Click လုပ်ပြီး properties ကိုသွားပါတယ်။
 
 ပေါ်လာတဲ့ system properties က Advanced ကို click ပါတယ်။ 
 
Performance က Settings ကို click ပါတယ်။
performance Options မှ Advanced ကိုရွေးပြီး Programs နှစ်ခုကို check ပေး Virtual memory က Change ကို click ပါတယ် ။
  Initial size နဲ့ Maximum size က တန်ဖိုးနှစ်ခုကို ရေးမှတ်ထားလိုက်ပါ ။ တစ်ခုခု အဆင်မပြေတာ ရှိခဲ့ ရင် Default လုပ်နိုင်အောင်ပါ။
Virtual Memory ဆိုသည်မှာ RAM က Hard disk memory ကို ငှားသုံး ခြင်းဖြစ်ပါတယ် ။ (ဥပမာ – Default Initial size = 1500 Mb(nearly 1.5Gb) , Hard Disk free space = 5 Gb ရှိတယ် ဆိုကြပါစို့ Initial size ကို 2000 Mb ( 2Gb ) တင်လိုက်ပါက Hard disk free space သည် 4.5 Gb ဖြစ်သွားပါလိမ့်မယ် ။ ( မည်သို့ပင် memory transfer လုပ်နိုင်သည် ဖြစ်စေ System Memory က ပဲ တစ်ကယ် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ )
 
 ကျနော့်မှာ Initial 1500 ရှိပြီးသား ဖြစ်လို့ 2000 လို့ပေးပြီး၊ Maximum ကို 3500 ပေးလိုက်ပါတယ် ။ 
 
ပြီးရင် Set ကို နှိပ်ပါတယ် ။
 
ပြီးရင်တော့ OK ပေါ့ ။
 
 Restart တောင်းလာပါလိမ့်မယ် ။ window ပြန်တက်လာ ရင်တော့ စက် အရင်ထက်ပိုမြန် နေတာ တွေ့ရပါလိမ့်မယ် ။ CPU ရဲ့လုပ်ဆောင်နိုင်ရည်ကို ကြည့်ပြီး တင်သင့်ပါတယ်။ Memory များရင် စက်မြန်တယ် ဆိုပြီး memory အများကြီး စိုက်ပြီး CPU မလိုက်နိုင်လို့ ပိုလေး သွားတဲ့ စက်တွေ တွေ့ဘူးပါတယ်။ အားလုံး အဆင်ပြေကြပါစေ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 ဦးမှတ်ချက်ပေးထားသည်။:

Post a Comment