Powered by Blogger.
RSS

"အေ"ကွေးကွေးလေးဆိုသည်မှာ


၎င်းသည်@”atsign”ဖြစ်ပါတယ်။အင်္ဂလိပ်စာလုံး“အေ”ကိုအမြီးလေးဆွဲပြီးဝိုင်းလိုက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။
ဒါပေမယ့်သူ့မှာလည်းသမိုင်းကြောင်းလေးနဲ့ပါ။ပုံနှိပ်စက်များမပေါ်ပေါက်မီဟိုးရှေးရှေးတုန်းကဆိုပါတော့။
ခရစ်ယာန်ဘုန်းတော်ကြီးများသို့မဟုတ်စာပေသမားများကဘာသာရေးနဲ့ပတ်သက်တဲ့စာများကိုရေးသား
ကြရာမှာလက်ကိုသာအသုံးပြုကြရပြီးအင်္ဂလိပ်စာလုံးများကိုအတွန့်အတက်တွေနဲ့လှပစွာရေးသားခဲ့ကြပါတယ်။
အဲဒီမှာ at ဆိုတဲ့စာလုံးကိုရေးရာမှာ a ကိုရေးပြီးတာနဲ့ t ကိုသီးခြားမရေးတော့ဘဲကနေတစ်ဆက်တည်းရေး
ဆွဲကာaကိုပြန်ဝိုင်းလိုက်တာလို့ဆိုပါတယ်။’at’ဟာအသုံးအများဆုံးစာလုံးဖြစ်လို့သူ့အတိုင်းရေးရင်
(အေ+ထောင်လျင်အချောင်းတစ်ချောင်း+အလျားလိုက်မျဉ်းတို)ဆိုပြီးသုံးကြိမ်ရေးရသည်ကို
တစ်ကြိမ်တည်းနဲ့ရေးလိုက်ရာကနေပုံသေစာလုံးတစ်လုံးဖြစ်လာတာလို့ဆိုကြပါတယ်။

နောင်အချက်ကလည်းတိုင်းပြည်အသီးသီးရဲ့ဘာသာစကားတွေမှာအဆိုပါသင်္ကေတကိုကိစ္စတစ်ရပ်ရပ်ရဲ့
ထူးခြားတဲ့သင်္ကေတအဖြစ်အမှတ်အသားပြုကြပါတယ်။အချို့ကတိရစ္ဆာန်ငယ်ကလေးများဖြင့်တင်စားလို့
အမှတ်အသားပြုကြပါတယ်။ဥပမာအားဖြင့်တရုတ်နိုင်ငံမှ(xiaolaoshu)”ကြွက်ကလေး”
သို့မဟုတ်”ကြွက်သင်္ကေတ”၊ဘယ်လ်ဂျီယံနိုင်ငံက(klyomba)”ဘာမျှမရှိခြင်း”သို့မဟုတ်”မျောက်ကလေးအေ”
၊ဟော်လန်နိုင်ငံသားများက(apenkissanhnta)”မျောက်ရဲ့အမြှီး”၊ဒိန်းမတ်နိုင်ငံက(snabel)”ဆင်နှာမောင်း”၊
ဖင်လန်နိုင်ငံသားများက(kissanhnta)”ကြောင်ရဲ့အမြှီး”၊ဂျာမန်နိုင်ငံက(klammeraffe)”တွဲလွဲခိုနေတဲ့မျောက်ကလေး
”၊ပြင်သစ်တို့က(escargot)”ပက်ကျိ”သို့မဟုတ်(queue de sige,
a danslerond)”မျောက်ရဲ့အမြှီး”၊”စက်ဝိုင်းထဲကအေ”၊ဟန်ဂေရီနိုင်ငံသားများက(kukac)”တီကောင်”၊
ကိုရီးယားတွေက(daseulgi)”ခရု”၊ပိုလန်နိုင်ငံက(atka)မျောက်၊နော်ဝေးလူမျိုးများက(grisehalန)”၀က်ရဲ့အမြှီး”၊
ရုရှားတို့က(sobachka)”ခွေးသေးသေးလေး”၊အီတလီတို့က(chioc-cio-la)”ပက်ကျိ”
စသည်အဓိပ္ပာယ်ဖော်ဆောင်လို့သုံးကြပါတယ်။
 
နောက်ပြီးEmailများမှာမသုံးခင်ကလည်း၎င်း@သင်္ကေတကိုပစ္စည်းများရဲ့အလေးချိန်တန်ဖိုးကိုဖော်ပြရာ
သုံးကြပါတယ်။ဥပမာအားဖြင့်လိမ္မော်သီးငါးလုံးကို၁.၂၅ဒေါ်လာနဲ့ဝယ်တယ်ဆိုရင်
5orange@$1.25eaလို့ရေးကြပါတယ်။ပေါ်တူဂီ၊စပိန်၊မက္ကဆီကို၊ဘရာဇီးကဲ့သို့နိုင်ငံများမှာ
၂၅ပေါင်အလေးချိန်ကို@သင်္ကေတဖြင့်အမှတ်အသားပြုကြပါတယ်။၎င်းကိုarrobaလို့ခေါ်ဆိုကြပြီး
အချို့က၁၅ကီလိုဂရမ်အနေနဲ့သုံးကြပါတယ်။ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ
သို့မဟုတ်စာရင်းဇယားတွေမှာလည်းသုံးကြတယ်ဆိုပါတော့။


နောက်အဆိုအရ@လက္ခဏာသည်’amphora’ဆိုတဲ့စာလုံးရဲ့အတိုကောက်လို့ဆိုပါတယ်။
၎င်းသည်အသီးအနှံများ၊အမွှေးအကြိုင်နဲ့ဝိုင်တို့ကိုချိန်တွယ်တိုင်းတာရာမှာထည့်ပြီးချိန်တွယ်ရတဲ့ခွက်ရဲ့
အတိုးအတာယူနစ်လို့ဆိုပါတယ်။၁၅၃၆ခုနှစ်ကကုန်သည်များရေးခဲ့တဲ့အရေးအသား
များမှာတွေ့ခဲ့ကြပါတယ်။ရှေးကဘုန်းတော်ကြီးများရဲ့အရေးအသားများကိုတွေ့လို့ယူသုံးကြဟန်တူပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 ဦးမှတ်ချက်ပေးထားသည်။:

Post a Comment