Powered by Blogger.
RSS

Cookiesဆိုတာမုန့်လား



ကွန်ပျူတာနယ်ပယ်မှာစကားလုံးအသုံးအနှူန်းတွေဆန်းပြားတာကိုတွေ့ရပါမယ်။
ယခုcookiesဆိုသည်မှာတစ်စုံတစ်ယောက်ကအင်တာနက်ကိုသုံးရာမှာသူဖွင့်ခဲ့တဲ့
ဝက်ဘ်ဆိုက်များ၊အမည်၊နေ့စွဲများစသည်အချက်အလက်များစုဆောင်းထားသည့်textဖိုင်များကိုဆိုလိုပါသည်။
၎င်းရည်ရွယ်ချက်ကအသုံးပြုခဲ့သူတစ်ဦးကိုနောက်တစ်ကြိမ်၎င်းဝက်ဘ်ဆိုက်သို့ပြန်ဝင်မယ်ဆိုရင်
အဆင်ပြေအောင်အကူအညီပေးနိုင်ဖို့လုပ်ထားတာပါ။အင်တာနက်ဝက်ဘ်ဆိုက်သို့ဝင်ရောက်အသုံးပြုသူသည်
မည်သူမည်ဝါဖြစ်သည်ငိုအမှတ်အသားပြတဲ့(ID Tag)ဖိုင်လို့လည်းဆိုနိုင်ပြီးအရှင်းဆုံးရေးရလျှင်
သင်ဘယ်ဝက်ဘ်ဆိုက်နဲ့ဆက်သွယ်တယ်ဆိုတာကို၎င်းဝက်ဘ်ဆိုက်များသို့သတင်းပို့ချက်များဆိုပါတော့။
Cookiesတွင်ယာယီနဲ့အမြဲတမ်းရှိနေမယ့်coookiesဆိုတာ
temp cookies Permanent cookiesများကဟာ့ဒ်ဒစ်ပေါ်မှာတင်ကျန်ပါတယ်။
Internet Explorerကအဆိုပါcookiesများကိုတည်ဆောပ်ပေးပါတယ်။
၎င်းကိုအသုံးပြုသူကပိတ်ထားနိုင်ပါတယ်။
၎င်းဖိုလ်ဒါနဲ့ဖိုင်များကိုC:\Document and Settingsတွင်ရှာနိုင်ပါတယ်။
၎င်းတို့ကိုမလိုအပ်လျှင်ဖျက်နိုင်ပါတယ်။
၎င်းအတွက်Tools>Internetoptions>General(tab)ကိုဖွင့်ပြီး
၎င်းdialog boxတွင်တွေ့ရမည့်’Delete Cookies…’ကိုနှိပ်လိုက်ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 ဦးမှတ်ချက်ပေးထားသည်။:

Post a Comment